Copa America

ကိုပါအမေရိကဖလားပြိုင်ပွဲမှာ စံချိန်သစ်တွေရေးထိုးခဲ့တဲ့ မက်ဆီ

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ အာဂျင်တီးနားအသင်းက ကနေဒါအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ၂၀၂၄ ကိုပါအမေရိကဖလားအဖွင့်ပွဲစဉ်မှာ ပါဝင်ကစားပြီးနောက် စံချိန်သစ်တွေ ရေးထိုးနိုင်ခဲ့ပါတယ်။

မက်ဆီဟာ ဒီပွဲမှာ ပါဝင်ကစားခဲ့တာကြောင့် ကိုပါအမေရိက ပြိုင်ပွဲမှာ ၃၅ ပွဲနဲ့ ပွဲအရေအတွက်အများဆုံးကစားထားတဲ့ ကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ဒါ့အပြင် မက်ဆီဟာ ကိုပါအမေရိကပြိုင်ပွဲကို ၇ ကြိမ်မြောက်အဖြစ် ဝင်ရောက်ကစားခဲ့တာကြောင့် အာဂျင်တီးနားကစားသမားတွေထဲမှာ အရေအတွက်အများဆုံး ကစားသမားဖြစ်ခဲ့တာပါ။

မက်ဆီဟာ ကနေဒါအသင်းနဲ့ပွဲမှာ အာဂျင်တီးနားအသင်းအတွက် ဂိုးမသွင်းနိုင်ခဲ့ပေမယ့် လောတရိုမာတီးနက်ဇ်သွင်းယူတဲ့ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။အဲ့ဒါကြောင့် မက်ဆီဟာ မတူညီတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲ ၇ ကြိမ်မှာ ဂိုးဖန်တီးနိုင်တဲ့ ပထမဆုံးကစားသမားလည်း ဖြစ်လာခဲ့တာပါ။

အာဂျင်တီးနားအသင်းဟာ အုပ်စုဒုတိယပွဲစဉ်အဖြစ် ဇွန် ၂၆ ရက်မှာ ချီလီအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Copa America

ကိုပါအမေရိကအပြီးသတ်လူစာရင်းမှာ ဂါနာချိုပါဝင်မယ်လို့ အတည်ပြုခဲ့တဲ့ စကာလိုနီ

အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီက လာမယ့်ကိုပါအမေရိကဖလားပြိုင်ပွဲအတွက် နိုင်ငံအသင်းရဲ့အပြီးသတ်လူစာရင်းမှာ ယူနိုက်တက်အသင်းကြယ်ပွင့် ဂါနာချိုပါဝင်မယ်လို့ အတည်ပြုခဲ့ပါတယ်။ ဂါနာချိုဟာ ကိုပါအမေရိကဖလားပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်နေတဲ့ အာဂျင်တီးနားအသင်းရဲ့ပဏာမလူစာရင်းမှာ ပါဝင်နေတာပါ။ဒါပေမယ့် ဂါနာချိုဟာ ပြီးခဲ့တဲ့ အီကွေဒေါ၊ဂွာတီမာလာအသင်းတို့နဲ့ ခြေစမ်းပွဲတွေမှာ အာဂျင်တီးနားအသင်းအတွက်ပါဝင်ခွင့်မရခဲ့ပါဘူး။ဒါပေမယ့် နည်းပြ စကာလိုနီက ဂါနာချိုကို
Copa America

ဘရာဇီးလ်ကို ဝေဖန်ခဲ့တာက ကြောငြာအစိတ်အပိုင်းဖြစ်ပြီး မိမိစကားမဟုတ်ဘူးလို့ဆိုခဲ့တဲ့ ရော်နယ်လ်ဒင်ဟို

ဘရာဇီးလ်ဂန္ထ၀င် ရော်နယ်ဒင်ဟိုဟာ ကိုပါအမေရိကဖလားပြိုင်ပွဲဝင်မယ့် နိုင်ငံအသင်းကို သူ့ရဲ့​ဝေဖန်မှုတွေဟာ ကြောငြာအစိတ်အပိုင်းသာဖြစ်ပြီး သူ့ရဲ့စကားမဟုတ်ဘူးလို့ အင်စတာဂရမ်မှာ ပြန်ပြီးရေးသားခဲ့ပါတယ်။ ရော်နယ်လ်ဒင်ဟိုက ဘရာဇီးလ်အသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အညံ့ဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ပြီး အသင်းရဲ့ကိုပါအမေရိကပွဲစဉ်တွေကို ကြည့်မှာမဟုတ်သလို အသင်းအနိုင်ရရင်လည်း အောင်ပွဲခံမှာမဟုတ်ဘူးလို့ အစောပိုင်းက ပြောခဲ့တာပါ။နောက်ပိုင်းမှာတော့