Copa America

ဘရာဇီးလ်ကို ဝေဖန်ခဲ့တာက ကြောငြာအစိတ်အပိုင်းဖြစ်ပြီး မိမိစကားမဟုတ်ဘူးလို့ဆိုခဲ့တဲ့ ရော်နယ်လ်ဒင်ဟို

ဘရာဇီးလ်ဂန္ထ၀င် ရော်နယ်ဒင်ဟိုဟာ ကိုပါအမေရိကဖလားပြိုင်ပွဲဝင်မယ့် နိုင်ငံအသင်းကို သူ့ရဲ့​ဝေဖန်မှုတွေဟာ ကြောငြာအစိတ်အပိုင်းသာဖြစ်ပြီး သူ့ရဲ့စကားမဟုတ်ဘူးလို့ အင်စတာဂရမ်မှာ ပြန်ပြီးရေးသားခဲ့ပါတယ်။

ရော်နယ်လ်ဒင်ဟိုက ဘရာဇီးလ်အသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အညံ့ဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ပြီး အသင်းရဲ့ကိုပါအမေရိကပွဲစဉ်တွေကို ကြည့်မှာမဟုတ်သလို အသင်းအနိုင်ရရင်လည်း အောင်ပွဲခံမှာမဟုတ်ဘူးလို့ အစောပိုင်းက ပြောခဲ့တာပါ။နောက်ပိုင်းမှာတော့ ရော်နယ်လ်ဒင်ဟိုက ဒါဟာ ကြောငြာသာဖြစ်ပြီး ဆိုရှယ်မီဒီယာက ပရိသတ်တွေရဲ့ပို့စ်တွေကို စုစည်းဖော်ပြထားတာလို့ ဆိုခဲ့ပါတယ်။

ရော်နယ်လ်ဒင်ဟိုက “ဘရာဇီးလ်ကို အားပေးတာကို ဘယ်တော့မှစွန့်လွှတ်သွားမှာမဟုတ်ပါဘူး။ဒီစကားတွေက ဆိုရှယ်မီဒီယာပေါ်ရှိ ပရိသတ်တွေရဲ့ပို့စ်တွေကို ပြန်လည်ကူးယူဖော်ပြတာပါ။ပရိသတ်တွေရဲ့အားပေးမှုက ကစားသမားတွေအတွက် ကြီးမားတဲ့ခြားနားမှုကို ဖြစ်စေပြီး ဒီအချိန်မှာ သူတို့အတွက်လိုအပ်တာက ပံ့ပိုးမှုပါ”လို့ဆိုခဲ့ပါတယ်။

ဘာစီလိုနာအသင်းတောင်ပံကစားသမား ရာဖင်ညာက ရော်နယ်လ်ဒင်ဟိုရဲ့ပြောဆိုမှုဟာ သူသာမကဘဲ အားလုံးကို အံ့အားသင့်စေပြီး ဒီလိုပြောတာကို သဘောမတူဘူးလို့ဆိုခဲ့တာပါ။ဒါ့အပြင် ရော်နယ်ဒင်ဟိုဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ကိုပါအမေရိကပွဲစဉ်တွေကြည့်ဖို့ ဗီနီစီးယက်စ်ဆီကနေ လက်မှတ်တောင်းခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Copa America

ကိုပါအမေရိကအပြီးသတ်လူစာရင်းမှာ ဂါနာချိုပါဝင်မယ်လို့ အတည်ပြုခဲ့တဲ့ စကာလိုနီ

အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီက လာမယ့်ကိုပါအမေရိကဖလားပြိုင်ပွဲအတွက် နိုင်ငံအသင်းရဲ့အပြီးသတ်လူစာရင်းမှာ ယူနိုက်တက်အသင်းကြယ်ပွင့် ဂါနာချိုပါဝင်မယ်လို့ အတည်ပြုခဲ့ပါတယ်။ ဂါနာချိုဟာ ကိုပါအမေရိကဖလားပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်နေတဲ့ အာဂျင်တီးနားအသင်းရဲ့ပဏာမလူစာရင်းမှာ ပါဝင်နေတာပါ။ဒါပေမယ့် ဂါနာချိုဟာ ပြီးခဲ့တဲ့ အီကွေဒေါ၊ဂွာတီမာလာအသင်းတို့နဲ့ ခြေစမ်းပွဲတွေမှာ အာဂျင်တီးနားအသင်းအတွက်ပါဝင်ခွင့်မရခဲ့ပါဘူး။ဒါပေမယ့် နည်းပြ စကာလိုနီက ဂါနာချိုကို
Copa America

ကိုပါအမေရိကဖလားပြိုင်ပွဲမှာ စံချိန်သစ်တွေရေးထိုးခဲ့တဲ့ မက်ဆီ

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ အာဂျင်တီးနားအသင်းက ကနေဒါအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ၂၀၂၄ ကိုပါအမေရိကဖလားအဖွင့်ပွဲစဉ်မှာ ပါဝင်ကစားပြီးနောက် စံချိန်သစ်တွေ ရေးထိုးနိုင်ခဲ့ပါတယ်။ မက်ဆီဟာ ဒီပွဲမှာ ပါဝင်ကစားခဲ့တာကြောင့် ကိုပါအမေရိက ပြိုင်ပွဲမှာ ၃၅ ပွဲနဲ့ ပွဲအရေအတွက်အများဆုံးကစားထားတဲ့