Copa America

ကိုလံဘီယာနဲ့ပွဲမှာ ဘရာဇီးလ်ကို ပင်နယ်တီမပေးခဲ့တဲ့ ဒိုင်လူကြီးတွေအမှားလုပ်ခဲ့တယ်လို့ ဆိုခဲ့တဲ့ CONMEBOL

ဘရာဇီးလ်အသင်းနဲ့ ကိုလံဘီယာအသင်းတို့ ၁ ဂိုးစီသရေကျခဲ့တဲ့ ကိုပါအမေရိကဖလားအုပ်စုနောက်ဆုံးပွဲစဉ်မှာ ဘရာဇီးလ်အသင်းတောင်ပံကစားသမား ဗီနီစီးယက်စ်ကို ကိုလံဘီယာအသင်းနောက်ခံလူ မူနော့ဇ် ဂိုးဧရိယာအတွင်း ဖျက်ထုတ်ခဲ့တဲ့ဖြစ်ရပ်အပေါ် ပင်နယ်တီမပေးခဲ့တဲ့ ကွင်းလယ်ဒိုင်နဲ့ VAR တို့အမှားပြုလုပ်ခဲ့တယ်လို့ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်က ဆိုခဲ့ပါတယ်။

ဘရာဇီးလ်အသင်းက ကိုလံဘီယာအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ ဦးဆောင်ထားချိန်မှာ ဖြစ်ခဲ့တဲ့ဖျက်ထုတ်မှုမှာ မူနော့ဇ်ဟာ ဘောလုံးကိုမထိဘဲ ဗီနီစီးယက်စ်ရဲ့ခြေထောက်ကိုထိခဲ့တာပါ။ဘရာဇီးလ်ကစားသမားတွေဟာ ပင်နယ်တီတောင်းခဲ့ပေမယ့် ကွင်းလယ်ဒိုင်လူကြီးက ငြင်းဆန်ခဲ့သလို VAR ဒိုင်ကလည်း မူနော့ဇ်ဟာ ဘောလုံးကို ထိခဲ့တယ်ဆိုပြီး ပင်နယ်တီမပေးခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး တောင်အမေရိကဘောလုံးအဖွဲ့ချုပ်က”ပင်နယ်တီဧရိယာအတွင်း ဖျက်ထုတ်မှုမှာ နောက်ခံလူဟာ ဘောလုံးကို ထိခဲ့ခြင်းမရှိပါဘူး။ဒိုင်လူကြီးက ပွဲကိုဆက်ကစားဖို့ခွင့်ပြုခဲ့သလို နောက်ခံလူ ဘောလုံးမထိခဲ့တာကို VAR က ဖော်ထုတ်နိုင်ခဲ့ခြင်းမရှိပါဘူး။အဲ့ဒါကြောင့် VAR ဟာ ကွင်းအတွင်းဆုံးဖြတ်ချက်ကို မှားယွင်းစွာအတည်ပြုခဲ့ပါတယ်”လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ ဘရာဇီးလ်အသင်းအတွက် အများကြီးထိခိုက်ခဲ့ပြီး ၂ ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်မယ့် အခြေအနေကနေ ၁ ဂိုးစီသရေကျကာ အုပ်စုဒုတိယသာရရှိခဲ့တာပါ။အဲ့ဒါကြောင့် ဘရာဇီးလ်အသင်းဟာ ကိုပါအမေရိကဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ ဥရုဂွေးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Copa America

ကိုပါအမေရိကအပြီးသတ်လူစာရင်းမှာ ဂါနာချိုပါဝင်မယ်လို့ အတည်ပြုခဲ့တဲ့ စကာလိုနီ

အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီက လာမယ့်ကိုပါအမေရိကဖလားပြိုင်ပွဲအတွက် နိုင်ငံအသင်းရဲ့အပြီးသတ်လူစာရင်းမှာ ယူနိုက်တက်အသင်းကြယ်ပွင့် ဂါနာချိုပါဝင်မယ်လို့ အတည်ပြုခဲ့ပါတယ်။ ဂါနာချိုဟာ ကိုပါအမေရိကဖလားပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်နေတဲ့ အာဂျင်တီးနားအသင်းရဲ့ပဏာမလူစာရင်းမှာ ပါဝင်နေတာပါ။ဒါပေမယ့် ဂါနာချိုဟာ ပြီးခဲ့တဲ့ အီကွေဒေါ၊ဂွာတီမာလာအသင်းတို့နဲ့ ခြေစမ်းပွဲတွေမှာ အာဂျင်တီးနားအသင်းအတွက်ပါဝင်ခွင့်မရခဲ့ပါဘူး။ဒါပေမယ့် နည်းပြ စကာလိုနီက ဂါနာချိုကို
Copa America

ဘရာဇီးလ်ကို ဝေဖန်ခဲ့တာက ကြောငြာအစိတ်အပိုင်းဖြစ်ပြီး မိမိစကားမဟုတ်ဘူးလို့ဆိုခဲ့တဲ့ ရော်နယ်လ်ဒင်ဟို

ဘရာဇီးလ်ဂန္ထ၀င် ရော်နယ်ဒင်ဟိုဟာ ကိုပါအမေရိကဖလားပြိုင်ပွဲဝင်မယ့် နိုင်ငံအသင်းကို သူ့ရဲ့​ဝေဖန်မှုတွေဟာ ကြောငြာအစိတ်အပိုင်းသာဖြစ်ပြီး သူ့ရဲ့စကားမဟုတ်ဘူးလို့ အင်စတာဂရမ်မှာ ပြန်ပြီးရေးသားခဲ့ပါတယ်။ ရော်နယ်လ်ဒင်ဟိုက ဘရာဇီးလ်အသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အညံ့ဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ပြီး အသင်းရဲ့ကိုပါအမေရိကပွဲစဉ်တွေကို ကြည့်မှာမဟုတ်သလို အသင်းအနိုင်ရရင်လည်း အောင်ပွဲခံမှာမဟုတ်ဘူးလို့ အစောပိုင်းက ပြောခဲ့တာပါ။နောက်ပိုင်းမှာတော့