Uncategorized

ကမ္ဘာ့ဖလားခြေစစ်ပွဲအာရှဇုန်တတိယအဆင့်မှာ ဂျပန်၊သြဇီတို့နဲ့ အုပ်စုကျပ်ထဲရောက်နေတဲ့ အင်ဒိုနီးရှား

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်)တတိယအဆင့်အတွက် အုပ်စုမဲခွဲမှုပြုလုပ်ခဲ့ရာ အင်ဒိုနီးရှားအသင်းဟာ အာရှထိပ်သီးအသင်းတွေဖြစ်တဲ့ ဂျပန်၊သြစတြေးလျ၊ဆော်ဒီအသင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေတာဖြစ်ပါတယ်။

အရှေ့တောင်အာရှအသင်းတွေထဲမှာ တတိယအဆင့်ကို တက်နိုင်တဲ့ တစ်သင်းတည်းသောအသင်းဖြစ်တဲ့ အင်ဒိုနီးရှားအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်)အဆင့်ကို ပထမဆုံးအကြိမ်ယှဉ်ပြိုင်မှာပါ။အင်ဒိုနီးရှားအသင်းဟာ တတိယအဆင့်အုပ်စုမှာ ဂျပန်၊သြစတြေးလျ၊ဆော်ဒီအသင်းတို့အပြင် ဘာရိန်း၊တရုတ်အသင်းတို့နဲ့ပါ တစ်အုပ်စုတည်းကျရောက်နေတာဖြစ်ပါတယ်။

အင်ဒိုနီးရှားအသင်းအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရဖို့အတွက်ဆိုရင် အဆင့် ၄ အတွင်းဝင်ရောက်အောင်လုပ်ဆောင်ဖို့လိုအပ်တာပါ။ခြေစစ်ပွဲတိုက်ရိုက်အောင်မြင်မယ့် ထိပ်ဆုံး ၂ နေရာကို ရယူဖို့ အင်ဒိုနီးရှားအသင်းအတွက် မလွယ်ကူတာကြောင့် အဆင့် ၃ နဲ့ ၄ ကို ရအောင်ယူပြီး နောက်ထပ်စတုတ္ထအဆင့်ယှဉ်ပြိုင်နိုင်အောင် ကြိုးစားရမှာဖြစ်ပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်)တတိယအဆင့် နောက်ထပ်အုပ်စုပွဲစဉ်တွေအဖြစ် အုပ်စု A မှာ အီရန်၊ကာတာ၊ဥဇဘတ်ကစ္စတန်၊ယူအေအီး၊ကာဂျစ္စတန်နဲ့ မြောက်ကိုရီးယား၊အုပ်စု B မှာ တောင်ကိုရီးယား၊အီရတ်၊ဂျော်ဒန်၊အိုမန်၊ပါလက်စတိုင်းနဲ့ ကူဝိတ်တို့ တစ်အုပ်စုတည်းကျရောက်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol