အင်တာမိုင်ယာမီနဲ့ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက သူ့ကိုယ်သူနည်းပြတစ်ဦးအနေနဲ့ မမြင်မိဘူးလို့ ESPN နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဆိုခဲ့ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/06/GOAL-Blank-WEB-Facebook-2024-06-13T071407.784-1024x576.webp)
မက်ဆီဟာ အသက် ၃၇ နှစ်ပြည့်ဖို့ နီးလာပြီဖြစ်လို့ ဘောလုံးလောကကနေ အနားယူဖို့ စဉ်းစားရတော့မှာပါ။သူကတော့ အခုအချိန်ထိ ဘောလုံးကစားသမားဘ၀က အနားယူဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ပြောခဲ့သလို သူ့ကိုယ်သူလည်း နည်းပြတစ်ဦးအနေနဲ့ မမြင်မိဘူးလို့ ပြောခဲ့တာဖြစ်ပါတယ်။
မက်ဆီက “ကျနော်ဟာ နည်းပြတစ်ဦးအနေနဲ့ ကိုယ့်ကိုယ်ကိုမမြင်မိပါဘူး။ဖြစ်လည်းမဖြစ်ချင်ပေမယ့် ဘောလုံးနဲ့ဘ၀က ခင်ဗျားတို့မသိနိုင်တဲ့ အလှည့်အပြောင်းတွေအများကြီးပါပဲ။ဒါပေမယ့် ဘောလုံးပတ်သက်တဲ့အရာတစ်ခုက ကျနော့်ဘ၀ပါပဲ။ဘာကြောင့်လဲဆိုရင် ကျနော်ဟာ ဘောလုံးကို အလွန်နှစ်သက်လို့ပါ”လို့ ဆိုခဲ့ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/06/GOAL-Blank-WEB-Facebook-2024-06-13T072127.824-1024x576.webp)
မက်ဆီဟာ လက်ရှိအချိန်မှာ အာဂျင်တီးနားအသင်းနဲ့အတူ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ကာကွယ်ဖို့အတွက် ပြင်ဆင်မှုတွေပြုလုပ်နေတာပါ။မက်ဆီဟာ အာဂျင်တီးနားအသင်းနဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲပြီးရင် အင်တာမိုင်ယာမီအသင်းကို မေဂျာလိဂ်ဖလားရရှိအောင် ဦးဆောင်ပေးရဖို့ ရှိနေတာဖြစ်ပါတယ်။