Premier League

ဘရန်ဝိတ်အတွက် ယူနိုက်တက်ဆီကနေ ပေါင်သန်း ၈၀ လိုချင်နေတဲ့ အဲဗာတန်

အဲဗာတန်အသင်းဟာ သူတို့ရဲ့နောက်ခံလူ ဘရန်ဝိတ်အတွက် ယူနိုက်တက်အသင်းဆီကနေ အနည်းဆုံးပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ လိုချင်နေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။

ယူနိုက်တက်အသင်းဟာ ဘရန်ဝိတ်ကို ခေါ်ယူနိုင်ဖို့အတွက် ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိခဲ့ပြီးဖြစ်တဲ့အတွက် နွေရာသီအပြောင်းအရွှေ့စတင်ဖွင့်တာနဲ့ အပြောင်းအရွှေ့အတွက် အဲဗာတန်အသင်းနဲ့ စကားပြောဆိုဖို့ ရည်ရွယ်ထားတာပါ။အဲဗာတန်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဘရန်ဝိတ်ကို မရောင်းချချင်ဘဲ အသင်းမှာဆက်ပြီးထိန်းသိမ်းချင်နေတာဖြစ်ပါတယ်။

ဒါပေမယ့် ယူနိုက်တက်အသင်းဟာ ရာသီသစ်အတွက် ဗဟိုနောက်ခံလူတစ်ဦးခေါ်ယူဖို့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားတာကြောင့် ဘရန်ဝိတ်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာပါ။ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ဗဟိုနောက်ခံလူအများအပြားဒဏ်ရာတွေရခဲ့လို့ ရလဒ်ကောင်းရဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။အဲ့ဒါကြောင့်လည်း ဗဟိုနောက်ခံလူ ခေါ်ယူဖို့က သူတို့ရဲ့ဦးစားပေးပစ်မှတ်ဖြစ်ခဲ့ပါတယ်။

MANCHESTER, ENGLAND – MARCH 09: Marcus Rashford of Manchester United is tackled by Jarrad Branthwaite of Everton during the Premier League match between Manchester United and Everton FC at Old Trafford on March 09, 2024 in Manchester, England. (Photo by Alex Livesey/Getty Images)

ယူနိုက်တက်အသင်းတာဝန်ရှိသူတွေဟာ ဘရန်ဝိတ်ကို ခေါ်ယူနိုင်ဖို့ အမြန်ဆုံးလုပ်ဆောင်နေပြီး ရာသီသစ်အတွက် လေ့ကျင့်မှုတွေပြန်လည်စတင်မယ့် အချိန်မှာ အသင်းနဲ့ပူးပေါင်းနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

ဗန်ဒိုက်ကို ကမ္ဘာ့လုပ်ခလစာအများဆုံးနောက်ခံလူဖြစ်မယ့် ကမ်းလှမ်းမှုပြုလုပ်ဖို့ ပြင်ဆင်နေတဲ့ အယ်လ်နာဆာ

ရော်နယ်ဒိုရဲ့အယ်လ်နာဆာအသင်းဟာ လီဗာပူးလ်အသင်းနောက်ခံလူ ဗန်ဒိုက်အနေနဲ့ အသင်းထံ ပြောင်းလာခဲ့မယ်ဆိုရင် ကမ္ဘာပေါ်မှာလုပ်ခလစာအများဆုံးရရှိတဲ့ နောက်ခံလူဖြစ်လာမယ့် ကမ်းလှမ်းမှုပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ လီဗာပူးလ်အသင်းနဲ့ စာချုပ် ၁ နှစ်သာကျန်ရှိတော့တဲ့ ဗန်ဒိုက်ကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ အယ်လ်နာဆာအသင်းတို့က စိတ်ဝင်စားနေတာပါ။စပိန်သတင်းစာ မာကာက
Premier League

ယူနိုက်တက်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ နီးစပ်နေပြီဖြစ်တဲ့ အဲရစ်တန်ဟတ်

ယူနိုက်တက်အသင်းနဲ့ နည်းပြ အဲရစ်တန်ဟတ်တို့ဟာ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူခဲ့တာကြောင့် စာချုပ်သစ်ချုပ်ဆိုမှုပြီးမြောက်တော့မယ်လို့ ဖာဘရီဇီယိုရိုမန်နိုက ဖော်ပြထားပါတယ်။ ယူနိုက်တက်အသင်းဟာ လာမယ့်ရာသီအသင်းနည်းပြအဖြစ် အဲရစ်တန်ဟတ်ဆက်ရှိမယ်လို့ အတည်ပြုပြီးကတည်းက နည်းပြကို စာချုပ်သစ်ချုပ်ဆိုဖို့လုပ်ဆောင်ခဲ့တာဖြစ်ပြီး အခုဆိုရင် နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်ကာ မကြာခင် စာချုပ်သစ်ထဲမှာ လက်မှတ်ရေးထိုးဖို့ရှိနေတာပါ။