Premier League

ရက်ရှ်ဖိုဒ့်အတွက် ကမ်းလှမ်းမှုတွေကို နားထောင်တော့မယ့် ယူနိုက်တက်

ယူနိုက်တက်အသင်းဟာ နွေရာသီအပြောင်းအရွှေ့မှာ တိုက်စစ်မှူး ရက်ရှ်ဖိုဒ့်အတွက် ကမ်းလှမ်းမှုတွေကို နားထောင်သွားတော့မယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ နည်းပြ အဲရစ်တန်ဟတ်ကို လာမယ့်ရာသီအသင်းကို ဆက်ပြီးကိုင်တွယ်စေဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ရက်ရှ်ဖိုဒ့်ဟာ အသင်းကနေ ထွက်ခွာရဖို့ရှိလာတာပါ။ရက်ရှ်ဖိုဒ့်ဟာ ပြီးခဲ့တဲ့ရာသီက အသင်းအတွက် ခြေစွမ်းပြသနိုင်ခြင်းမရှိသလို ကွင်းပြင်ပက အပြုအမူတွေကို နည်းပြ အဲရစ်တန်ဟတ်က နှစ်သက်မှုမရှိတာဖြစ်ပါတယ်။ဒတ်ချ်လူမျိုးနည်းပြဟာ ပြီးခဲ့တဲ့ရာသီမှာ ရွေးချယ်စရာမရှိသလောက်နည်းပါးခဲ့လို့ သူ့နဲ့အဆင်ပြေခြင်းမရှိတဲ့ ရက်ရှ်ဖိုဒ့်ကို ဆက်ပြီးအသုံးပြုခဲ့တာပါ။

အခုအချိန်မှာတော့ သူတို့ ၂ ဦးဆက်ဆံရေးဟာ လုံး၀အက်ကွဲသွားပြီဖြစ်လို့ ယူနိုက်တက်အသင်းဟာ ရက်ရှ်ဖိုဒ့်ကို ရောင်းချဖို့ စဉ်းစားလာတာဖြစ်ပါတယ်။ယူနိုက်တက်အသင်းဟာ ရက်ရှ်ဖိုဒ့်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ သတ်မှတ်ထားပေမယ့် ပြီးခဲ့တဲ့ရာသီက သူ့ရဲ့စွမ်းဆောင်ရည်တွေကျဆင်းမှုကြောင့် ဒီပမာဏကို လျှော့ချရတော့မှာပါ။

ရက်ရှ်ဖိုဒ့်ကို ခေါ်ယူဖို့ ပီအက်စ်ဂျီအသင်းက စိတ်ဝင်စားနေပေမယ့် သူကတော့ ယူနိုက်တက်အသင်းမှာပဲ ဆက်ပြီးရှိချင်နေတာဖြစ်ပါတယ်။ရက်ရှ်ဖိုဒ့်နဲ့ ယူနိုက်တက်အသင်းတို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၈ ခုနှစ်အထိ ရှိနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

ဘရန်ဝိတ်အတွက် ယူနိုက်တက်ဆီကနေ ပေါင်သန်း ၈၀ လိုချင်နေတဲ့ အဲဗာတန်

အဲဗာတန်အသင်းဟာ သူတို့ရဲ့နောက်ခံလူ ဘရန်ဝိတ်အတွက် ယူနိုက်တက်အသင်းဆီကနေ အနည်းဆုံးပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ လိုချင်နေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ ယူနိုက်တက်အသင်းဟာ ဘရန်ဝိတ်ကို ခေါ်ယူနိုင်ဖို့အတွက် ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိခဲ့ပြီးဖြစ်တဲ့အတွက် နွေရာသီအပြောင်းအရွှေ့စတင်ဖွင့်တာနဲ့ အပြောင်းအရွှေ့အတွက် အဲဗာတန်အသင်းနဲ့ စကားပြောဆိုဖို့
Premier League

ဗန်ဒိုက်ကို ကမ္ဘာ့လုပ်ခလစာအများဆုံးနောက်ခံလူဖြစ်မယ့် ကမ်းလှမ်းမှုပြုလုပ်ဖို့ ပြင်ဆင်နေတဲ့ အယ်လ်နာဆာ

ရော်နယ်ဒိုရဲ့အယ်လ်နာဆာအသင်းဟာ လီဗာပူးလ်အသင်းနောက်ခံလူ ဗန်ဒိုက်အနေနဲ့ အသင်းထံ ပြောင်းလာခဲ့မယ်ဆိုရင် ကမ္ဘာပေါ်မှာလုပ်ခလစာအများဆုံးရရှိတဲ့ နောက်ခံလူဖြစ်လာမယ့် ကမ်းလှမ်းမှုပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ လီဗာပူးလ်အသင်းနဲ့ စာချုပ် ၁ နှစ်သာကျန်ရှိတော့တဲ့ ဗန်ဒိုက်ကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ အယ်လ်နာဆာအသင်းတို့က စိတ်ဝင်စားနေတာပါ။စပိန်သတင်းစာ မာကာက