EURO 2024

စပိန်ကို အရင်ကမနိုင်ပေမယ့် အခုကမတူညီတဲ့ပွဲဖြစ်လို့ အများကြီးဖြစ်နိုင်တယ်လို့ ဆိုခဲ့တဲ့ ဂျော်ဂျီယာနည်းပြ

ဂျော်ဂျီယာအသင်းဟာ စပိန်အသင်းနဲ့ကစားခဲ့တဲ့ ပြီးခဲ့တဲ့ပွဲတွေမှာ ရလဒ်ကောင်းတွေမရယူနိုင်ခဲ့ပေမယ့် အခုက မတူညီတဲ့ပွဲဖြစ်တဲ့အတွက် အများကြီးဖြစ်သွားနိုင်တယ်လို့​ ဂျော်ဂျီယာအသင်းနည်းပြ ဆက်ဂ်ညောက ဆိုခဲ့ပါတယ်။

ဂျော်ဂျီယာအသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ အသင်းတွေထဲမှာ အင်အားနည်းတဲ့ အသင်းဖြစ်ပေမယ့် အုပ်စုတွင်းနောက်ဆုံးပွဲစဉ်မှာ ပေါ်တူဂီအသင်းကို အနိုင်ရပြီး အကောင်းဆုံးအုပ်စုတတိယနဲ့ ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့တာပါ။ဂျော်ဂျီယာအသင်းဟာ ယူရိုပြိုင်ပွဲကို ပထမဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဒီပြိုင်ပွဲမှာ ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့တာဖြစ်ပါတယ်။

စပိန်အသင်းကတော့ အုပ်စုတွင်းမှာ ပွဲတိုင်းအနိုင်ရပြီး ပေးဂိုးမရှိနဲ့ ၁၆ သင်းအဆင့်ကို တက်လာခဲ့တာပါ။ပြီးတော့ စပိန်နဲ့ ဂျော်ဂျီယာအသင်းတို့နောက်ဆုံးတွေ့ဆုံခဲ့တဲ့ပွဲတွေမှာ စပိန်အသင်းကပဲ နိုင်ပွဲရယူနိုင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒါကြောင့် ဒီပွဲမှာလည်း စပိန်အသင်းပဲ အနိုင်ရဖို့ အလေးသာနေတာပါ။

ဂျော်ဂျီယာအသင်းနည်းပြ ဆက်ဂ်ညောက “စပိန်ဟာ အုပ်စုအဆင့်မှာ အလွန်ကောင်းတဲ့အရာတွေ အများကြီးပြသခဲ့သလို ဂျော်ဂျီယာကလည်း စိတ်ဝင်စားစရာကောင်းတဲ့အရာတွေပြသခဲ့ပါတယ်။စပိန်အသင်းဟာ ပြိုင်ပွဲရဲ့အကောင်းဆုံးအသင်းဖြစ်တဲ့အတွက် ဒီပွဲဟာ ခက်ခဲမယ့်ပွဲပါ။ကျနော်တို့ဟာ သူတို့နဲ့ နောက်ဆုံးကစားတဲ့ ၄ ကြိမ်စလုံးအရေးနိမ့်ခဲ့ပါတယ်။ဒါပေမယ့် ဒါက မတူညီတဲ့ပြိုင်ပွဲဖြစ်လို့ အများကြီးဖြစ်သွားနိုင်ပါတယ်”လို့ဆိုခဲ့ပါတယ်။

စပိန်အသင်းနည်းပြ ဒယ်လာဖူအန်တီက သူတို့ဟာ ဂျော်ဂျီယာအသင်းကို ပေါ့ပေါ့တန်တန်ကစားသွားမှာမဟုတ်ဘူးလို့ ပြောထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

EURO 2024

အင်္ဂလန်အသင်းနဲ့လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်ခဲ့တဲ့ ဂျွန်စတုန်းစ်

ပြီးခဲ့တဲ့ရက်ပိုင်းက ဖျားနာနေတာကြောင့် အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ခဲ့တဲ့ ဂျွန်စတုန်းစ်ဟာ အသင်းနဲ့အတူ လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်ခဲ့ပါတယ်။ ဂျွန်စတုန်းစ်ဟာ သူ့ရဲ့ဖျားနာမှုပိုးကို အသင်းဖော်တွေထံ မပြန့်စေဖို့အတွက် ဗုဒ္ဓဟူးနေ့က သူ့ရဲ့ဟိုတယ်အခန်းထဲမှာ သီးခြားနေထိုင်ခဲ့ရတာပါ။အခုအချိန်မှာတော့ ဂျွန်စတုန်းစ်ဟာ ဖျားနာနေတာကနေ သက်သာလာပြီဖြစ်တဲ့ အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ပြန်လည်ပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဂျွန်စတုန်းစ်လေ့ကျင့်မှုပြန်ပြုလုပ်နိုင်ခဲ့တာက
EURO 2024

ယူရိုပြိုင်ပွဲမှာ ချန်ပီယံဆုထိန်းနိုင်ဖို့ တင်းကျပ်တဲ့စည်းမျဉ်း ၅ ခုထုတ်ခဲ့တဲ့ စပယ်လက်တီ

အီတလီအသင်းနည်းပြ စပယ်လက်တီဟာ ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် သူ့ရဲ့အသင်းကို ပြိုင်ပွဲမှာ အောင်မြင်မှုရယူနိုင်ဖို့အတွက် တင်းကျပ်တဲ့စည်းမျဉ်း ၅ ခုထုတ်ပြန်ခဲ့ပါတယ်။ အီတလီအသင်းဟာ ယူရိုပြိုင်ပွဲမှာ လက်ရှိချန်ပီယံဖြစ်ပေမယ့် ဒီနှစ်ပြိုင်ပွဲမှာတော့ ဗိုလ်စွဲဖို့ ရေပန်းစားမှုနည်းပါးတာပါ။မန်ချီနီရဲ့နေရာမှာ အစားထိုးဝင်ရောက်ပြီး ၂၀၂၃ ခုနှစ်