EURO 2024

စပိန်အနိုင်နဲ့ ဂိုးရလဒ်ကို လောင်းကြေးထပ်ခဲ့တဲ့ မက်ဂရီဂေါ

UFC ဝိတ်တန်း ၂ ခုချန်ပီယံဟောင်း မက်ဂရီဂေါဟာ ယူရို ၂၀၂၄ ဗိုလ်လုပွဲမှာ စပိန်အသင်းက အင်္ဂလန်အသင်းကို အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်မယ်လို့ ယုံကြည်မှုရှိနေတာကြောင့် စပိန်အသင်းအနိုင်နဲ့ ဂိုးရလဒ်ကို လောင်းကြေးထပ်ခဲ့ပါတယ်။

မက်ဂရီဂေါဟာ စပိန်အသင်းက အင်္ဂလန်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်မယ်ဆိုပြီး ဂိုးရလဒ်ကို ယူရို ၁ သိန်းလောင်းကြေးထပ်ခဲ့သလို စပိန်အသင်းအနိုင်အတွက်လည်း ကြီးမားတဲ့လောင်းကြေးတစ်ခုကို ထပ်ခဲ့တာပါ။မက်ဂရီဂေါအနေနဲ့ ဒီလောင်းကြေး ၂ ခုစလုံးကို အနိုင်ရမယ်ဆိုရင် သူလောင်းထားတဲ့ လောင်းကြေးအပါအဝင် ယူရို ၃.၇ သန်းကို ရရှိမှာဖြစ်ပါတယ်။

ယူရိုဗိုလ်လုပွဲကျင်းပမယ့်နေ့မှာ အသက် ၃၆ နှစ်ပြည့်မယ့် မက်ဂရီဂေါဟာ ကံကောင်းဖို့ကိုလည်း သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တာပါ။မက်ဂရီဂေါဟာ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ မက်ဆီရဲ့အာဂျင်တီးနားအသင်းချန်ပီယံဖြစ်ဖို့ကို ယူရို ၃ သိန်း ၆ သောင်းကျော်လောင်းကြေးထပ်ခဲ့ပြီး ယူရိုပြိုင်ပွဲမှာ ရော်နယ်ဒို ရွှေဖိနပ်ဆုရမှာကို ယူရို ၆ သောင်းလောင်းကြေးထပ်ခဲ့တာဖြစ်ပါတယ်။

မက်ဂရီဂေါဟာ ရော်နယ်ဒို ရွှေဖိနပ်ဆုရမယ့် လောင်းကြေးကို ရှုံးခဲ့ပေမယ့် ကျန်တဲ့လောင်းကြေးထပ်ထားတွေကို အနိုင်ရဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

EURO 2024

အင်္ဂလန်အသင်းနဲ့လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်ခဲ့တဲ့ ဂျွန်စတုန်းစ်

ပြီးခဲ့တဲ့ရက်ပိုင်းက ဖျားနာနေတာကြောင့် အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ခဲ့တဲ့ ဂျွန်စတုန်းစ်ဟာ အသင်းနဲ့အတူ လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်ခဲ့ပါတယ်။ ဂျွန်စတုန်းစ်ဟာ သူ့ရဲ့ဖျားနာမှုပိုးကို အသင်းဖော်တွေထံ မပြန့်စေဖို့အတွက် ဗုဒ္ဓဟူးနေ့က သူ့ရဲ့ဟိုတယ်အခန်းထဲမှာ သီးခြားနေထိုင်ခဲ့ရတာပါ။အခုအချိန်မှာတော့ ဂျွန်စတုန်းစ်ဟာ ဖျားနာနေတာကနေ သက်သာလာပြီဖြစ်တဲ့ အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ပြန်လည်ပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဂျွန်စတုန်းစ်လေ့ကျင့်မှုပြန်ပြုလုပ်နိုင်ခဲ့တာက
EURO 2024

ယူရိုပြိုင်ပွဲမှာ ချန်ပီယံဆုထိန်းနိုင်ဖို့ တင်းကျပ်တဲ့စည်းမျဉ်း ၅ ခုထုတ်ခဲ့တဲ့ စပယ်လက်တီ

အီတလီအသင်းနည်းပြ စပယ်လက်တီဟာ ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် သူ့ရဲ့အသင်းကို ပြိုင်ပွဲမှာ အောင်မြင်မှုရယူနိုင်ဖို့အတွက် တင်းကျပ်တဲ့စည်းမျဉ်း ၅ ခုထုတ်ပြန်ခဲ့ပါတယ်။ အီတလီအသင်းဟာ ယူရိုပြိုင်ပွဲမှာ လက်ရှိချန်ပီယံဖြစ်ပေမယ့် ဒီနှစ်ပြိုင်ပွဲမှာတော့ ဗိုလ်စွဲဖို့ ရေပန်းစားမှုနည်းပါးတာပါ။မန်ချီနီရဲ့နေရာမှာ အစားထိုးဝင်ရောက်ပြီး ၂၀၂၃ ခုနှစ်