EURO 2024

အင်္ဂလန်အသင်းနဲ့လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်ခဲ့တဲ့ ဂျွန်စတုန်းစ်

ပြီးခဲ့တဲ့ရက်ပိုင်းက ဖျားနာနေတာကြောင့် အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ခဲ့တဲ့ ဂျွန်စတုန်းစ်ဟာ အသင်းနဲ့အတူ လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်ခဲ့ပါတယ်။

ဂျွန်စတုန်းစ်ဟာ သူ့ရဲ့ဖျားနာမှုပိုးကို အသင်းဖော်တွေထံ မပြန့်စေဖို့အတွက် ဗုဒ္ဓဟူးနေ့က သူ့ရဲ့ဟိုတယ်အခန်းထဲမှာ သီးခြားနေထိုင်ခဲ့ရတာပါ။အခုအချိန်မှာတော့ ဂျွန်စတုန်းစ်ဟာ ဖျားနာနေတာကနေ သက်သာလာပြီဖြစ်တဲ့ အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ပြန်လည်ပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဂျွန်စတုန်းစ်လေ့ကျင့်မှုပြန်ပြုလုပ်နိုင်ခဲ့တာက အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်အတွက် သတင်းကောင်းဖြစ်ခဲ့တာပါ။အင်္ဂလန်အသင်းဟာ အဓိကနောက်ခံလူ မက်ဂွဲယားကို ဒဏ်ရာကြောင့် ယူရိုလူစာရင်းမှာ ချန်လှပ်ခဲ့ရပြီး ဂျွန်စတုန်းစ်ကိုပါ အသုံးမပြုနိုင်ရင် ဆားဘီးယားအသင်းနဲ့အုပ်စုအဖွင့်ပွဲစဉ်မှာ အခက်ကြုံတွေ့နိုင်တာဖြစ်ပါတယ်။

ဂျွန်စတုန်းစ်ဟာ ပြီးခဲ့တဲ့ရာသီမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပြီး နောက်ဆုံးကစားခဲ့တဲ့ အိုက်စလန်အသင်းနဲ့ ခြေစမ်းပွဲမှာ အင်္ဂလန်အသင်းအတွက် ၄၅ မိနစ်သာ ပါဝင်ကစားနိုင်ခဲ့တာပါ။ဂျွန်စတုန်းစ်ဟာ ပြီးခဲ့တဲ့ ပြိုင်ပွဲကြီး ၃ ခုမှာ မက်ဂွဲယားနဲ့တွဲဖက်ပြီး အင်္ဂလန်အသင်းရဲ့ဗဟိုခံစစ်မှာ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ ဆားဘီးယားအသင်းနဲ့ ယူရိုအုပ်စုအဖွင့်ပွဲစဉ်ကို တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

EURO 2024

ယူရိုပြိုင်ပွဲမှာ ချန်ပီယံဆုထိန်းနိုင်ဖို့ တင်းကျပ်တဲ့စည်းမျဉ်း ၅ ခုထုတ်ခဲ့တဲ့ စပယ်လက်တီ

အီတလီအသင်းနည်းပြ စပယ်လက်တီဟာ ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် သူ့ရဲ့အသင်းကို ပြိုင်ပွဲမှာ အောင်မြင်မှုရယူနိုင်ဖို့အတွက် တင်းကျပ်တဲ့စည်းမျဉ်း ၅ ခုထုတ်ပြန်ခဲ့ပါတယ်။ အီတလီအသင်းဟာ ယူရိုပြိုင်ပွဲမှာ လက်ရှိချန်ပီယံဖြစ်ပေမယ့် ဒီနှစ်ပြိုင်ပွဲမှာတော့ ဗိုလ်စွဲဖို့ ရေပန်းစားမှုနည်းပါးတာပါ။မန်ချီနီရဲ့နေရာမှာ အစားထိုးဝင်ရောက်ပြီး ၂၀၂၃ ခုနှစ်
EURO 2024

ယူရိုပြိုင်ပွဲသမိုင်းမှာ အမြန်ဆုံးသွင်းဂိုးအဖြစ်မှတ်တမ်းဝင်ခဲ့တဲ့ ဘက်ချ်ရာမီရဲ့သွင်းဂိုး

အီတလီအသင်းနဲ့ အယ်လ်ဘေးနီးယားအသင်းတို့ကစားခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်မှာ အယ်လ်ဘေးနီးယားကစားသမား ဘတ်ချ်ရာမီသွင်းယူခဲ့တဲ့ဂိုးဟာ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် အမြန်ဆုံးသွင်းဂိုးအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ဘတ်ချ်ရာမီဟာ ဒီပွဲစဉ်ရဲ့ပွဲချိန် ၂၃ စက္ကန့်မှာကတည်းက အယ်လ်ဘေးနီးယားအသင်းအတွက် ဂိုးသွင်းယူပြီး စံချိန်သစ်တင်နိုင်ခဲ့တာပါ။ယူရိုပြိုင်ပွဲရဲ့အမြန်ဆုံးသွင်းဂိုးအဖြစ် စံချိန်တင်ထားတာကတော့ ယူရို ၂၀၀၄