EURO 2024

ယူရိုပြိုင်ပွဲမှာ ပင်နယ်တီ ၃ ကြိမ်ကာကွယ်နိုင်တဲ့ ပထမဆုံးဂိုးသမားဖြစ်ခဲ့တဲ့ ဒီယေဂိုကော်စတာ

ဆလိုဗေးနီးယားအသင်းကို ပင်နယ်တီအဆုံးအဖြတ် ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲ ၁၆ သင်းအဆင့်မှာ ပေါ်တူဂီအသင်းရဲ့နိုင်ပွဲအတွက် အဓိကကျတဲ့သူတော့ ဂိုးသမား ဒီယေဂိုကော်စတာဖြစ်ပါတယ်။

သူဟာ ပွဲချိန်အတွင်းနဲ့ အချိန်ပိုမှာ ဆလိုဗေးနီးယားအသင်းဂိုးရနိုင်မယ့် အခွင့်အရေးတွေကို ကာကွယ်ခဲ့သလို ပင်နယ်တီအဆုံးအဖြတ်မှာ ပေါ်တူဂီအသင်းအတွက်ဟီးရိုးဖြစ်ခဲ့တာပါ။ဒီယေဂိုကော်စတာဟာ ပင်နယ်တီအဆုံးအဖြတ်မှာ ဆလိုဗေးနီးယားအသင်းကန်သွင်းတဲ့ ပင်နယ်တီ ၃ ကြိမ်စလုံးကို ကာကွယ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဒီယေဂိုကော်စတာဟာ ယူရိုပြိုင်ပွဲသမိုင်းမှာ ပင်နယ်တီ ၃ ကြိမ်ကာကွယ်နိုင်တဲ့ ပထမဆုံးဂိုးသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ပေါ်တူဂီအသင်းကို ယူရိုပြိုင်ပွဲရဲ့ကွာတားဖိုင်နယ်အဆင့်ကို ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့တဲ့ ဒီယေဂိုကော်စတာဟာ ဒီပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။

ပေါ်တူဂီအသင်းဟာ ကွာတားဖိုင်နယ်မှာ ပြင်သစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီယေဂိုကော်စတာအနေနဲ့ ဒီပွဲမှာရော အကောင်းဆုံးလက်စွမ်းတွေပြသနိုင်ဦးမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

EURO 2024

အင်္ဂလန်အသင်းနဲ့လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်ခဲ့တဲ့ ဂျွန်စတုန်းစ်

ပြီးခဲ့တဲ့ရက်ပိုင်းက ဖျားနာနေတာကြောင့် အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ခဲ့တဲ့ ဂျွန်စတုန်းစ်ဟာ အသင်းနဲ့အတူ လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်ခဲ့ပါတယ်။ ဂျွန်စတုန်းစ်ဟာ သူ့ရဲ့ဖျားနာမှုပိုးကို အသင်းဖော်တွေထံ မပြန့်စေဖို့အတွက် ဗုဒ္ဓဟူးနေ့က သူ့ရဲ့ဟိုတယ်အခန်းထဲမှာ သီးခြားနေထိုင်ခဲ့ရတာပါ။အခုအချိန်မှာတော့ ဂျွန်စတုန်းစ်ဟာ ဖျားနာနေတာကနေ သက်သာလာပြီဖြစ်တဲ့ အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ပြန်လည်ပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဂျွန်စတုန်းစ်လေ့ကျင့်မှုပြန်ပြုလုပ်နိုင်ခဲ့တာက
EURO 2024

ယူရိုပြိုင်ပွဲမှာ ချန်ပီယံဆုထိန်းနိုင်ဖို့ တင်းကျပ်တဲ့စည်းမျဉ်း ၅ ခုထုတ်ခဲ့တဲ့ စပယ်လက်တီ

အီတလီအသင်းနည်းပြ စပယ်လက်တီဟာ ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် သူ့ရဲ့အသင်းကို ပြိုင်ပွဲမှာ အောင်မြင်မှုရယူနိုင်ဖို့အတွက် တင်းကျပ်တဲ့စည်းမျဉ်း ၅ ခုထုတ်ပြန်ခဲ့ပါတယ်။ အီတလီအသင်းဟာ ယူရိုပြိုင်ပွဲမှာ လက်ရှိချန်ပီယံဖြစ်ပေမယ့် ဒီနှစ်ပြိုင်ပွဲမှာတော့ ဗိုလ်စွဲဖို့ ရေပန်းစားမှုနည်းပါးတာပါ။မန်ချီနီရဲ့နေရာမှာ အစားထိုးဝင်ရောက်ပြီး ၂၀၂၃ ခုနှစ်