ဘယ်လ်ဂျီယံအသင်းခေါင်းဆောင် ဒီဘရိုင်းဟာ ပြင်သစ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲ ၁၆ သင်းအဆင့်ပွဲစဉ်အပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံချိန် မေးမြန်းခံခဲ့ရတဲ့ မေးခွန်းတစ်ခုကြောင့် ဒေါသထွက်ပြီး ထွက်ခွာသွားခဲ့ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/07/0_KDB3-1024x576.webp)
ဒီဘရိုင်းဟာ ဘယ်လ်ဂျီယံအသင်းရဲ့ရွှေရောင်မျိုးဆက်အစိတ်အပိုင်းထဲမှာ ပါဝင်ခဲ့ပေမယ့် သူတို့အစုအဖွဲ့ဟာ နိုင်ငံအသင်းကို ဆုဖလားအောင်မြင်မှုရရှိအောင် လုပ်ဆောင်ပေးနိုင်ခဲ့ခြင်းမရှိတာပါ။၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တတိယရရှိခဲ့တာကသာ ဘယ်လ်ဂျီယံအသင်းအတွက် အမြင့်ဆုံးအောင်မြင်မှုဖြစ်ခဲ့ပါတယ်။
အခုလည်း ဘယ်လ်ဂျီယံအသင်းဟာ ဆိုးရွားတဲ့ စွမ်းဆောင်ရည်နဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲက ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။ဒီဘရိုင်းဟာ ဒီပွဲအပြီးမှာ ရွှေရောင်မျိုးဆက်တွေ ဆုဖလားမရယူနိုင်ခဲ့တာနဲ့ ပတ်သက်ပြီး မေးမြန်းခံခဲ့ရတာပါ။ဒီဘရိုင်းဟာ ဒီမေးခွန်းကို နှစ်သက်ခြင်းမရှိခဲ့တာပါ။
Ahah DeBruyne just called me stupid.
— Tancredi Palmeri (@tancredipalmeri) July 1, 2024
Hey Kevin, little memo for you:
the golden generation you mentioned of France, England, Germany and Spain they ALL REACHED A FINAL!
Usual footballer that wants only question telling him how good they are.
Spoiled brat https://t.co/vuxnu8y9B1
ဒီဘရိုင်းက “ပြင်သစ်၊အင်္ဂလန်၊ဂျာမနီနဲ့ စပိန်တို့က ရွှေရောင်မျိုးဆက်မဟုတ်ဘူးဆိုပြီး ခင်ဗျားပြောချင်တာလားလို့”သတင်းထောက်ကို ပြန်မေးခဲ့ပါတယ်။ဒီဘရိုင်းဟာ မထွက်ခွာခင် သတင်းထောက်တွေကို ကျေးဇူးတင်ကြောင်းပြောခဲ့ပြီး ထွက်ခွာချိန်မှာ မိုက်မဲတယ်လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။