လော်တာရိုမာတီနက်ဇ်ဟာ အာဂျင်တီးနားအသင်းက ပီရူးအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ကိုပါအမေရိကဖလားအုပ်စုနောက်ဆုံးပွဲစဉ်မှာ အသင်းအတွက် ၂ ဂိုးသွင်းယူပြီးနောက် အုပ်စု ၃ ပွဲစလုံးဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/06/2159877470-1024x576.jpg)
လော်တာရိုမာတီနက်ဇ်ဟာ အဖွင့်ပွဲစဉ်ဖြစ်တဲ့ ကနေဒါအသင်းနဲ့ပွဲမှာ ၁ ဂိုး၊ဒုတိယပွဲစဉ်ဖြစ်တဲ့ ချီလီအသင်းနဲ့ပွဲမှာ ၁ ဂိုးနဲ့ ပီရူးအသင်းနဲ့ပွဲမှာ ၂ ဂိုးသွင်းယူခဲ့တာပါ။အဲ့ဒါကြောင့် လော်တာရိုမာတီနက်ဇ်ဟာ အုပ်စု ၃ ပွဲကစားအပြီးမှာ ၄ ဂိုးသွင်းယူကာ ဒီပြိုင်ပွဲရဲ့ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ဦးဆောင်နေတာဖြစ်ပါတယ်။
လော်တာရိုမာတီနက်ဇ်ဟာ လက်ရှိအချိန်ထိသူ့ရဲ့ကစားသမားဘဝမှာ ကိုပါအမေရိကပွဲစဉ်ပေါင်း ၁၃ ပွဲကစားထားပြီး ၉ ဂိုးသွင်းယူထားတာပါ။အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိကအုပ်စု ၃ ပွဲစလုံးကို ပေးဂိုးမပေးရဘဲ နိုင်ပွဲရယူကာ အုပ်စုထိပ်ဆုံးနဲ့ ကွာတားဖိုင်နယ်ကို တက်နိုင်ခဲ့တာဖြစ်ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/06/73b92430-d336-4964-9d21-bb753801ecf0_16-9-aspect-ratio_default_0_x489y203.webp)
အာဂျင်တီးနားအသင်းဟာ ကွာတားဖိုင်နယ်ပွဲစဉ်မှာတော့ အီကွေဒေါနဲ့ မက္ကဆီကိုအသင်းတို့ထဲက တစ်သင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။