ဆွစ်ဇာလန်အသင်းကို အရေးနိမ့်ပြီး ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့၁၆ သင်းအဆင့်ကနေ အီတလီအသင်းထွက်ခွာရပြီးနောက် နည်းပြ စပယ်လက်တီက ပြိုင်ပွဲအတွက် ပြင်ဆင်ချိန်နည်းပါးခဲ့တာကို အပြစ်တင်ခဲ့ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/06/66806cf12d9d9.image_.jpg)
ယူရိုလက်ရှိချန်ပီယံ အီတလီအသင်းဟာ ၁၆ သင်းအဆင့်မှာ ဆွစ်ဇာလန်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။အီတလီအသင်းဟာ ပြီးခဲ့တဲ့ အုပ်စုအဆင့်ပွဲစဉ်မှာကတည်းက ခြေစွမ်းပြသနိုင်ခြင်းမရှိတာကို ၁၆ သင်းအဆင့်မှာ ပြင်ဆင်နိုင်ခဲ့ခြင်းမရှိလို့ ပြိုင်ပွဲကနေစောစီးစွာထွက်ခွာခဲ့တာဖြစ်ပါတယ်။
စပယ်လက်တီက”ဖြစ်ပျက်ခဲ့တာတွေအတွက် ကျနော့်မှာတာဝန်ရှိပါတယ်။ကစားသမားတွေကို ကျနော်ရွေးချယ်ခဲ့တာဖြစ်လို့ ဒါက ကျနော့်ရဲ့အမှားပါပဲ။ကစားသမားတွေအကြောင်းကို သိဖို့အတွက် ကျနော်ဟာ အချိန်အများကြီးမရရှိခဲ့ပါဘူး။ပြီးခဲ့တဲ့နည်းပြတွေက စမ်းသပ်ဖို့ ပွဲပေါင်း ၂၀ ရှိခဲ့ပြီး အချို့ဆိုရင် ပွဲပေါင်း ၃၀ အထိရှိခဲ့ပါတယ်။နောက်ထပ်အနည်းငယ်သာရှိရင် ကျနော့်ကို အကူအညီပေးနိုင်ပါတယ်”လို့ ဆိုခဲ့ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/06/27ef86a0-364f-11ef-9df0-079584cb134b.jpg)
၂၀၂၃ သြဂုတ်က အီတလီအသင်းကို စတင်တာဝန်ယူခဲ့တဲ့ စပယ်လက်တီဟာ လက်ရှိအချိန်ထိ ပွဲပေါင်း ၁၄ ပွဲကိုင်တွယ်ထားပြီး ၇ ပွဲအနိုင်ရရှိကာ ၄ ပွဲသရေ ၃ ပွဲရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။