ပြီးခဲ့တဲ့ရက်ပိုင်းက ဖျားနာနေတာကြောင့် အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ခဲ့တဲ့ ဂျွန်စတုန်းစ်ဟာ အသင်းနဲ့အတူ လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်ခဲ့ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/06/image_6580456.jpg)
ဂျွန်စတုန်းစ်ဟာ သူ့ရဲ့ဖျားနာမှုပိုးကို အသင်းဖော်တွေထံ မပြန့်စေဖို့အတွက် ဗုဒ္ဓဟူးနေ့က သူ့ရဲ့ဟိုတယ်အခန်းထဲမှာ သီးခြားနေထိုင်ခဲ့ရတာပါ။အခုအချိန်မှာတော့ ဂျွန်စတုန်းစ်ဟာ ဖျားနာနေတာကနေ သက်သာလာပြီဖြစ်တဲ့ အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ပြန်လည်ပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။
ဂျွန်စတုန်းစ်လေ့ကျင့်မှုပြန်ပြုလုပ်နိုင်ခဲ့တာက အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်အတွက် သတင်းကောင်းဖြစ်ခဲ့တာပါ။အင်္ဂလန်အသင်းဟာ အဓိကနောက်ခံလူ မက်ဂွဲယားကို ဒဏ်ရာကြောင့် ယူရိုလူစာရင်းမှာ ချန်လှပ်ခဲ့ရပြီး ဂျွန်စတုန်းစ်ကိုပါ အသုံးမပြုနိုင်ရင် ဆားဘီးယားအသင်းနဲ့အုပ်စုအဖွင့်ပွဲစဉ်မှာ အခက်ကြုံတွေ့နိုင်တာဖြစ်ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/06/2-1-1024x576.jpg)
ဂျွန်စတုန်းစ်ဟာ ပြီးခဲ့တဲ့ရာသီမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပြီး နောက်ဆုံးကစားခဲ့တဲ့ အိုက်စလန်အသင်းနဲ့ ခြေစမ်းပွဲမှာ အင်္ဂလန်အသင်းအတွက် ၄၅ မိနစ်သာ ပါဝင်ကစားနိုင်ခဲ့တာပါ။ဂျွန်စတုန်းစ်ဟာ ပြီးခဲ့တဲ့ ပြိုင်ပွဲကြီး ၃ ခုမှာ မက်ဂွဲယားနဲ့တွဲဖက်ပြီး အင်္ဂလန်အသင်းရဲ့ဗဟိုခံစစ်မှာ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ ဆားဘီးယားအသင်းနဲ့ ယူရိုအုပ်စုအဖွင့်ပွဲစဉ်ကို တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။